မောက်မယ်မြို့နယ်၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မောက်မယ် ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၂−၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် မိဘဆရာအသင်း နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မောက်မယ်အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ Grade-10 ကျောင်းသား/ကျောင်းသူများက ဘက်စုံပညာကိုရည်သို့လှမ်းချီ သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ အခမ်းအနားတွင် မောက်မယ်မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအောင်သက်မင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က ၂၀၂၂−၂၀၂၃ ခုနှစ်ပညာသင်နှစ် အတွင်းမိဘဆရာအသင်း နှစ်ပတ်လည်တွေ့ဆုံရခြင်းနှင့် ပညာရည်ချွန်ဆုပေးရခြင်း၊ ကျောင်းလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် ဒေါ်နန်းညိုမြက ကျောင်းအကျိုး တော်ဆောင်အဖွဲ့ရန်ပုံငွေဖြင့် မိမိတို့ကျောင်းတော်ကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအောင်မြင်ကြသူများကို တတ်နိုင် သမျှပံ့ပိုးထောက်ပံ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ထူးချွန်စွာအောင်မြင်ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့်ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး Grade-8 ကျောင်းသား/ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားပြီးမြောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)