ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၇

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ဇူလိုင်လ(၇)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသီရိက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗဟုသုတရရှိစေရန်အတွက် လေးထားမှတ်သားနိုင်ရေးပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အာဇာနည်နေ့အထိမ်းအမှတ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပတ္တိများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)