ဒဂုံ ဇူလိုင် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၀၉:၀၀ နာရီမှ ၁၁:၂၀ နာရီအချိန်ထိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ(၃)ဦး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ သူ(၂၉၃)ဦး စုစုပေါင်းကျောင်းသား/သူ (၂၉၆)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသတင်းရရှိပါသည်။
မေသန္တာ