လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး (Door to Door) မြေပြင်ကွင်းဆင်းဆက်လက်ဆောင်ရွက်လျက်ရှိ

လှိုင်သာယာ (အနောက်) ဒီဇင်ဘာ ၃

၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့် မဆုံးရှုံး‌စေရေးတို့အတွက် ၂၈-၁၁-၂၀၂၅ နေ့မှ မှစတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အသီးသီးသို့ သွားရောက်ကာ သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်းလိုက်လံ၍ (Door to Door) မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်း၌ ပါ၀င်သည့် အမည်စာရင်းမှန်မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ပေးလျက် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ပေးနေမှုအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး တင်ပြမှုအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)