အ.ထ.က မိုင်းနောင်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

မိုင်းနောင် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က မိုင်းနောင်ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်၍ ဉာဏရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အနာဂတ်သားကောင်းရတနာများ ဖြစ်လာမည့် KG ကျောင်းသား၊ ကျောင်းသူများ အားလုံး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည်မြင့်မားရေး၊ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဟာရမျှတသော အစာအစာများ စားသောက်တတ်သည့် အလေ့အကျင့်ကောင်း များရရှိစေရန် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်သတ္တုဓာတ်များပါဝင်သည့် ထမင်း၊ ဟင်းများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့၏ အစီအစဥ်ဖြင့် ဆောင်ရွက်ကာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းနှင့် KG တန်းမှ ဆရာမများ၊ တိုက်နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်နန်းမေထားတို့၏ ကြီးကြပ်မှုဖြင့် KG ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၁)ဦးအား (စတုတ္ထအကြိမ်)အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)