ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မည်

ဟိုပုံး ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်‌ထောင်စုရန်ပုံငွေ ကျပ်(၁၈၁၃.၈၄) သန်းဖြင့် ဆောင်ရွက်မည့် ဟိုပုံးမြို့နယ် စပ်တော(ဆော်တော)-နောင်ဒေးလမ်း ၁၂/၀မိုင် အနက် ၂/၀မိုင် ကျောက်ခင်း ခြင်း၊ စပ်တော (ဆော်တော)-နောင်ဒေးလမ်း ၁၂/၀မိုင် အနက် ၁/၄ မိုင် ကျောက်လမ်းပေါ်တွင် Box Culvert ၄ စင်းတည်ဆောက်ခြင်း၊ နမ့်ပေါ်ဟွန်း-ပါပန့်-နောင်ကွမ်-ညောင်နင်း-သက်သာ-ပုံချောင် မြေလမ်း ၁၃/၀ မိုင် အနက် ၂/၀ မိုင်ကျောက်ခင်းခြင်း၊ ဆီဆိုင်မြို့နယ် နားမွန်း-နားသံ-နားပုံး-ထီဗွာမြေလမ်း ၈/၂ မိုင်အနက် ၁/၂ မိုင် ကျောက်ခင်းခြင်း၊ လုံးဖိုး-နောင်စကာ-ဝမ်ဟေး-နောင်ပါရင်- ဟိုခဲ ၇/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်း၊ လွယ်ပွယ်-လိုက်ပေး-ဘန်းနောင်ကား ၅/၀မိုင် အနက် ၂/၀ မိုင်ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ပင်လောင်းမြို့နယ် နောင်ဝိုး-ကရား-တရွတ်မူး-ညောင်မှူးလွယ်ဂွန်းလမ်း ၄/၃မိုင် အနက် ကျန် ၀/၇ မိုင်အပြီးသတ်ခြင်း၊ နောင်ဝိုး-ကရား-တရွတ်မူး-ညောင်မှူးလွယ်ဂွန်းလမ်း ၄/၃ မိုင်အနက် ၁/၄ မိုင်ကျောက်လမ်းပေါ်တွင် Box Culvert ၆စင်း တည်ဆောက်ခြင်း၊ ပေါင်းလောင်း-ပင်လောင်းလမ်းမကြီးပေါ်ရှိ ဖိုးကုန်း ကျေးရွာမှ ရွာကြီးကျေးရွာထိ ၁၅/၀မိုင် အနက် ၂/၀ မိုင်ကျောက်ခင်းခြင်း၊ လိန်းညား ကျေးရွာအုပ်စု၊ ဝါးလီး-တောင်လေး-ဝါးပြုံး-ဟမ်းအင်-လိန်းဗွာ-ညောင်ပင် ကျေးရွာချင်း ဆက်လမ်း ၇/၀ မိုင်အနက် ၁/၄ မိုင် ကျောက်ခင်းခြင်း၊ ကင်းမွန်းချုံ(ပင်မွန်းချုံ) မီးခြစ်ကျောက်- မူယားလမ်းခွဲ-ပက္ကော်လေး-ထင်းရှူးတောင် ၇/၀မိုင် အနက် ၁/၀မိုင် အပြီးသတ်ကတ္တရာခင်းခြင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် (၄၁၈.၁၀၄) သန်းဖြင့် ဆောင်ရွက်မည့် ဟိုပုံးမြို့နယ် ဆော်တော-ပါရင်-ဟွေ့ဟိုင်း ၇/၀မိုင်မှ ၄/၄ မိုင်ဖောက်လုပ်ပြီး ကျန်၂/၄ မိုင်ဖောက်လုပ်ခြင်း၊ ပင်လောင်းမြို့နယ် နမ့်ပေါ်မုံးလမ်းခွဲမှ နားဝင်း-နားငင်း ၂/၀မိုင် မြေသားလမ်းဖောက်လုပ်ခြင်း၊ ပင်ကာလ-ပူးဝါးတောင်- လွယ်မောင်း ၃/၄ မိုင် အနက် ၁/၀မိုင် ကျောက်ခင်းပြီး ကျန်၁/၀မိုင် အပြီးသတ် ကျောက်ခင်းခြင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်-လွယ်ထွဲ-ထီရီး ၈/၄ မိုင်အနက် ကျန်၅/၄မိုင်မှ ၁/၀မိုင် ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်းများ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ပအိုဝ်းဒေသ)