တောင်တွင်းကြီးမြို့နယ်တွင်(၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်တွင်းကြီး  ဇူလိုင်  ၁၁

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်၏ (၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင်ဇေယျမင်္ဂလာ‌ ရွှေအင်းတောင်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်တွင်းကြီးမြို့၊‌ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစာရိတ္တ အမှူးပြုသော ဆရာတော်ကြီးများ၊ မြို့‌ပေါ်ကျောင်းတိုက်ပေါင်း (၅၇)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ စုံညီစွာ ကြွရောက်တော်မူကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစာရိတ္တထံမှ တက်ရောက်လာကြသူများက ငါးပါးသီးလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့သည်။ ဆက်လက်၍ ဝါဆိုသင်္ဃန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေကာ ပင့်သံဃာဆရာတော်ကြီးများအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် တောင်တွင်းကြီးတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊‌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊‌ စေတနာရှင်၊ အလှူရှင်မိသားများစုပေါင်းကာ ဝါဆိုသင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်