ရွှေတောင် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်ကျေးရွာ ရန်ကုန်-ပြည်လမ်း ဆင်မကြပ်လမ်းဆုံတွင် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် (မြို့နယ်ရဲတပ်ဖွဲ့မှူး)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နွားမယံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု (၁၃)မှ ဒုရဲမှူးဇော်လင်းသန့်နှင့်အဖွဲ့ဝင်များ၊ ကပစ(၉)မှဗိုလ်ကြီးရန်အောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဆင်မကြပ်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်စိုးလွင်နှင့်အဖွဲ့ဝင်တို့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ်လိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီအနေဖြင့် မော်တော် ယာဉ်(၇၂)စီး၊ သုံးဘီးမော်တော်ယာဉ်(၁၁)၊ မီနီအိုးဝေ(၈)စီး၊ မော်တော်ဆိုင်ကယ်(၁၂၃)စီးတို့အား စစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)