ပုသိမ်ကြီး ဇူလိုင် ၁၁
ယခုရာသီသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်ပွားသည့် ကာလဖြစ်သည့်အတွက် မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာအုပ်စု နန္ဒာ မြောက်ကျေးရွာတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်ရာတွင်ကျေးရွာမှ စေတနာရှင်ပြည်သူများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ရွှေကြေးစည်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ကျေးရွာအတွင်းရှိ နေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
မေ၀တီ (ပြန်/ဆက်)