ဒဂုံမြို့နယ်တွင် အာဇာနည်​နေ့အကြို စာဖတ်ဝိုင်း ​ကျောင်းသား​ကျောင်းသူများဖြင့် ကျင်းပ​ဆောင်ရွက်

ဒဂုံ ဇူလိုင် ၁၁

ဇူလိုင်လ(၁၉)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်​မြောက် အာဇာနည်​​​နေ့ အထိမ်းအမှတ်(အကြို)စာဖတ်ဝိုင်းဆွေး​နွေးပွဲကို ယ​နေ့​နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်​မေသန္တာက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အာဇာနည်​နေ့ဖြစ်​ပေါ်လာပုံအား ကျောင်းသား၊ ကျောင်းသူများ အတုယူ​လေးစား အမှတ်ရစေရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြား​ရေး၀န်ကြီးဌာနကထုတ်​​ဝေ​သော “အာဇာနည်​နေ့အမှတ်တရ ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ အာဇာနည်​နေ့ကို မ​မေ့သင့်​ကြကြောင်း၊ အာဇာနည် စိတ်ဓါတ်၊ အာဇာနည်​နေ့ဖြစ်​ပေါ်လာပုံသမိုင်း၊ အာဇာနည်​ခေါင်း​ဆောင်ကြီးများ၏ အကြောင်း၊ ဗိုလ်ချုပ်၏ စိတ်ဓါတ်ကို​လေးစားအားကျ၍ ယ​နေ့​ခေတ်လူငယ်လူရွယ်များ လွတ် လပ်​ရေး၏ အနှစ်သာရကိုသိရှိပြီး မိမိနိုင်ငံကို ချစ်မြတ်နိုးထိန်းသိမ်း​စောင့်ရှောက်ကြရန် တာဝန်ရှိကြကြောင်းစသဖြင့် ဆွေး​နွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ​ကျောင်းသား၊​​ ကျောင်းသူများက အာဇာနည်ခေါင်း​​ဆောင်တစ်ဦးချင်းအား ဖတ်ပြ​ဆွေး​နွေးခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

​မေသန္တာ