တန့်ယန်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ပညာရေးဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို စစ်ဆေးချယ်ရာ အခြေခံပညာကျောင်းများ၏ Grade-12 တွင် (၃)ဦး၊ Grade-11 တွင် (၄)ဦး၊ Grade-10 တွင် (၄)ဦး၊ Grade-9 တွင် (၄)ဦး၊ စုစုပေါင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်၍ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)