ကျိုင်းတုံ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် (၆၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်တွင် ကျင်းပခဲ့သည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဇတံခွန်စိုက်ဖလားရရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ်အသင်းမှ ကမ္ဘောဇတံခွန်စိုက်ဖလားကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်ထံ ပြန်လည်အပ်နှံသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ပြိုင်ပွဲကို SMOKE BALL ရိုက်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၆၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား (၅၅)သင်း၊ အမျိုးသမီး (၉)သင်း၊ စုစုပေါင်း (၆၄)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၇ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)