ရမည်းသင်းမြို့နယ်၊ အ.ထ.က(သိမ်ကုန်း) ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အမျိုးသားယဥ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က (သိမ်ကုန်း) ကျောင်း၌ ကျင်းပသည်။