ဒေးဒရဲမြို့နယ်အတွင်းရှိ လယ်ယာမြေများ စိုက်ပျိုးရေလုံလောက်စွာရရှိရေး နွေစပါးမြောင်းများတူးဖော်ပေးလျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက နွေစပါးမြောင်းများ တူးဖော်လျက်ရှိသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။