ရေဦးတွင် ဌာနဆိုင်ရာများစု‌ ပေါင်း၍ဝါဆိုသင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ်လှုဒါန်း

ရေဦး  ဇူလိုင်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် ရေဦးမြို့တွင်  ဌာနဆိုင်ရာများစုပေါင်း၍  ယမန်နေ့နေ့လယ် ၂ နာရီက ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ်လှုဒါန်းခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ဆက်ကပ်လှုဒါန်းမှု ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှုးပြုသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။

ဧည့်ပရိတ်သတ်များက ဆရာတော်ထံမှ ငါးပါးသီလ  ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်ပြီးအမှတ်(၄) ခြေလျှင်တပ်မဟာ တပ်မမှုးဗိုလ်ချုပ်ကြည်သိုက်နှင့်ဇနီးမိသားစု၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်ဇနီး ဒေါ်မျိုးမျိုးထိုက်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကျေးစီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဝါဆိုသင်္ကန်းနှင့် ၀တ္ထုငွေများအသီးသီး ဆက်ကပ်လှုဒါန်းခဲ့ကြသည်။ ထို့နောက် ဥက္ကဋ္ဌဆရာတော်တော်က ဝါဆိုရခြင်းအဓိပ္ပာယ်နှင့် ဝါဆိုသင်္ကန်းလှူဒါန်းခြင်း တရားတော်ကိုဟောကြားချီးမြင့်ပေးခဲ့ပြီး လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)