ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၇) လုံး ကြိုတင်ပြောင်းရွှေ့

ပန်းတနော်  ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင်  ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယနေ့နံနက် ၁၀ နာရီက အထက်ကဇင်းတောကျေးရွာရှိ လူနေအိမ် (၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော အထက်ကဇင်းတောကျေးရွာရှိ နေအိမ် (၇)လုံး အိမ်ထောင်စု (၇)စု လူဦးရေ (၄၁)ဦး တို့အား ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ရွှေမျိုးသားချင်းနေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်ပေါ်သို့ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)