တမူးဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နေ့လယ်(၁)နာရီ အချိန်က မြို့မကျောင်းတိုက် အဂ္ဂမဟာဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ဧည့်ပရိသတ်များက သြကာသ ကန်တော့ချိုးဖြင့်ရှိခိုးပူဇော်ပြီး တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် အေးချမ်းဝေစည်ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူ ဆောက် တည်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစချီသော ပရိတ်တရားတော်များကို နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ‘’ဗုဒ္ဓသာသနံ စိရံတိဌတု’’သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ရတနာ