တောင်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

တောင်ဥက္ကလာပ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ဆွေနှင်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဦးစွာဆွေးနွေးပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် စာရေးဆရာမ   မြမဥ္ဇူဝေ(ကျုံမငေး)မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်သူရဲကောင်းတို့၏ အတ္တုပ္ပတ္တိနှင့် လွတ်လပ်ရေးရရန်ကြိုးပမ်းဆောင်ရွက်ချက်များ၊ အတုယူစရာအာဇာနည်သူရဲကောင်းတို့၏ စိတ်ဓာတ်တို့ကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)