ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အ.ထ.က(မြို့မ)ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ (Covid-19)ရောဂါကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ် ပြန်လည်ထိုးနှံ‌ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား ပထမအကြိမ်(Covid-19)ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိကျောင်းများအသီးသီး၌ ထိုးနှံ‌ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်  အ.ထ.က(မြို့မ) ကျောင်းမှစတင်၍ ဒုတိယအကြိမ်ပြန်လည်ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများဆက်လက်ထိုးနှံ​

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာတွင် ​ကျောက်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယ​နေ့နံနက် ၈ နာရီ အချိန်က အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများကို ဝမ်​​အောင်းကယား​ကျေးရွာ အ​ခြေခံပညာ​အလယ်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ငါ့သရောက်မြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးဌာနမှဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့(Books Club)တို့ ပူးပေါင်းပြီး စာရေးဆရာ သက်လှိုင်မျိုးရေးသားသော "ဘဝပေးအသိနှင့်မိခင်မေတ္တာတရား" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကေဝီသတိမအကြိမ် ဓမ္မစကြာအခါတော်နေ့ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဝါဆိုသင်္ကန်းကပ်လှူခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစာင်ပြပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာဆိုင်ရာများပူးပါင်း၍ (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစာင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီက အ-ထ-က၊ လောင်းလုံးကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခု ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက သံဃာတော်အရှင် သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပင်လုံရပ်ကွက်ရှိ ထန်းတောကျောင်းတိုက်၌ စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထက (မယ်စဲ့)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို ယနေ့နံနက်ပိုင်းက ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းများကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၌ ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၇/၂၀၂၂)သင်တန်းဆင်းပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၂)နာရီခွဲက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် သဘာဝဘေးသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပခဲ့သည်။
Subscribe to