ဒေါပုံ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀:၃၀ နာရီက စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)နှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းက (၇၅) နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ ပေး Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က အာဇာနည်ဟူသည်၊ လူပင်သေသော်လည်း နာမည်မသေခဲ့တဲ့ အာဇာနည်များ၊ ၁၉ ဇူလိုင်၏ မမေ့နိုင်စရာအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
သို့ဖြစ်ရာ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမယ့် အနာဂတ်အညွန့်အဖူးလေးတွေ အာဇာနည်ဆိုတာဘာလဲ၊ အာဇာနည်နေ့ဘယ်လိုဖြစ်ပေါ်လာသလဲ၊ အာဇာနည်ကိုးဦး ကဘယ်သူတွေလဲ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်သော် လည်း ပြည်သူတွေရဲ့ရင်ထဲမှာ ဘာကြောင့် လွမ်းတသသဖြစ်နေခဲ့တာလဲ၊ ဘာ့ကြောင့် ယနေ့ထိတိုင် ဦးညွှတ်အလေး ပြုကြရတာလဲဆိုတဲ့ အကြောင်းအရာတွေကို လူငယ်တွေ သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
သူဇာဝင်း