အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်‌ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

ရေး ဇူလိုင် ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်‌ရေး အသိပညာ ပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သိမ့်သိမ့်ရည်က မိမိတို့ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းတွင် အမျိုး သမီးအများစု အကြမ်းဖက်ခံရခြင်းများ ဖြစ်ပေါ်လျက်ရှိရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအပေါ် သက်ဆိုင်ရာဌာနများမှ စောင့်ရှောက်ပေးမှုများ၊ နောင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ ပါရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွေးက အမျိုးသမီး များအပေါ် အကြမ်းဖက်ခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းချက်၊ အကြမ်းဖက်မှု အမျိုးအစား(၅)မျိုးဖြစ် သည့် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် အန္တရာယ်ရှိသော မိရိုးဖလာထုံးတမ်းအစဉ် အလာအရ အကြမ်းဖက်ခြင်းများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ပေးထားနိုင်မှု၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်ပေးသည့် One Stop Women Support Center များ ဖွင့်လှစ်ထားရှိမှုနှင့် ရပ်ရွာအခြေပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ရေး (ပြန်/ဆက်)