ဇေယျာသီရိမြို့နယ်၌ စိတ်လူမှုဆိုင်ရာထောက်ပံ့ကူညီမှုအသိပညာပေးသင်တန်းဖွင့်လှစ်

ဇေယျာသီရိ ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ပူးပေါင်းပြီး စိတ်လူမှုဆိုင်ရာထောက်ပံ့ကူညီမှုအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာ ကြည့်တိုက်အတွင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို သက်သာလျော့ပါးစေရန်၊ အချင်းချင်းအပြန်အလှန် စောက်ရှောက်ကူညီမှုပေးနိုင်ရန်၊ စိတ်ပိုင်းဆိုင်ရာထိခိုက် နှစ်နာမှုများမှတစ်ဆင့် စိတ်ရောဂါ ဖြစ်ပွားမှုမှကာကွယ်ရန် ရည်ရွယ်ချက်များဖြင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)မှ သင်တန်းများဖွင့်လှစ်ကြားခြင်းဖြစ်ရာ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာလေ့လာသင်ယူရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး မန္တလာရောင်စဉ် (Women Empowerment & Gender Equality)မှ ဒေါ်သက်သက်နွယ်က စိတ်ဖိစီးမှုများရှိပါက လျော့ကျစေသည့် အရင်းအမြစ်များ၊ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့များပံ့ပိုးပေးရန် လိုအပ်သည့် အခြေခံကျွမ်းကျင်မှုများ၊ ရင်ဖွင့်ခြင်းနှင့် အတင်းပြောခြင်းဆောင် ရန်ရှောင်ရန် အချက်များ၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှုများကို အပြန်အလှန် ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)