မိုင်းရယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံစုံ ၅၃၁၈၆ ဧက စိုက်ပျိုးထုတ်လုပ်မည်

မိုင်းရယ် မိုင်းရယ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည် စနစ်များဖြင့် မိုးစပါးနှင့်အခြားသီးနှံစုံ ၅၃၁၈၆ ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးရာသီ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးမည့် ဧကများမှာ မိုးစပါး(လယ်စပါး) ၁၂၄၂၆ ဧက၊ ယာစပါး၊ တောင်ယာစပါးနှင့်ယာသီးနှံ ၆၁၇၂ ဧက ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့အထိ မိုးစပါးပေါင်း ၅၆၈၉ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်သည်။ မိုင်းရယ်မြို့နယ်တွင် မိုးစပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသည့် သီးနှံမှာ အစေ့ထုတ်ပြောင်းဖြစ်သည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်းကို  ၁၇၅၄၀ ဧက၊ ဖူးစားပြောင်းကို ၄၅၀ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားပြီး ပြောင်းစုစုပေါင်း ၁၇၁၀၀ ဧက ကို စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းရယ်မြို့နယ်တွင် တတိယအများဆုံးစိုက်ပျိုးသည့် ကြံကို ၄၈၂၅ ဧကစိုက်ပျိုးထုတ်လုပ်ရန် လျာထားပြီး ၇၀၂၅ ဧက တိုး၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အခြားသီးနှံပင်များကို ၁၁၇၇၃ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းရယ်(ပြန်/ဆက်)