တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရေဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်သာ ဇူလိုင် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ရေဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ရေဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်ကေခိုင်မှ ရေဘေးဆိုင်ရာ အသိပညာပေးအကြောင်းနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးက ရေဘေးဆိုင်ရာ အသိပညာပေးအကြောင်းနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးက ဆွေးနွေးပြောကြားရာတွင် ရေလွှမ်းမိုးခြင်းအမျိုးမျိုး၊ ရေဘေးဖြစ်ပေါ်နိုင်သောကာလ၊ ရေကြီးနိုင်သောဒေသ၊ မြစ်ရေကြီးရခြင်းအကြောင်းအရင်း၊ ရေကြီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ ဆိုးကျိုးဖြစ်စေသည့် အကြောင်းအရင်း၊ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရန်၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားရန်၊ ရေကြီးပြီးနောက် ဆောင်ရွက်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)