ရွာငံ ဇူလိုင် ၁၃
ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် သွေးလွန်တုပ် ကွေးရောဂါအကြောင်း အသိပညာပေး Talk Showကို ယနေ့ နေ့လည်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Showတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့် ယခုအခါတွင် မိုးတွင်းကာလဖြစ်သည်နှင့်အညီ သွေးလွန် တုပ်ကွေးရောဂါများ ဖြစ်ပွားလျက်ရှိသဖြင့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သက်သည့် ရောဂါ ဖြစ်ပွားရခြင်းအကြောင်း၊ ဘယ်လိုကူးစက်နိုင်သလဲ၊ ဖြစ်ပွားတဲ့အသက်အရွယ်၊ ဖြစ်ပွားတတ်တဲ့ လရာသီ၊ ရောဂါက္ခဏာများနှင့် သွေးလွန်တုပ်ကွေးရောဂါဟု သံသယရှိလာပါက ဆေးမီးတိုဖြင့် ကုသခြင်းမှ ရှောင်ကျဉ်ပြီး နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသရန် ပြောကြားဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်နီနီမြင့်က သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကာကွယ်ရမည့်နည်းလမ်းများကို အကျယ်တဝင့် ပြောကြားဆွေးနွေးသွားကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အသိပညာပေးTalk Showများကို လစဉ်တင်ဆက်ပေးလျက်ရှိရာ We Love Ywangan Pageတွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါကြောင်း သိရသည်။
ပြည့်ဖြိုးသန့်