ကျိုင်းတုံမြို့နယ်၊ ဝမ်ပေါင်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း

ကျိုင်းတုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီ ခန့်က နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်ပေါင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှတစ်ဆင့် မီးကူးစက်ပြီး  ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ကြွပ်မိုး ခြေတံရှည် အိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း ကတ်တောင်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း လူနှင့်တိရစာ္ဆန် ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါဆစွာ အသုံးပြုသူအား ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)