နွားထိုးကြီးမြိုနယ်တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

နွားထိုးကြီး ဇူလိုင် ၁၃

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရာများတွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွာများအား လူမှုရေးပင်စင်များကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ် () လပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်တစ်ဦးလျှင် (၃၀၀၀၀) နှုန်းဖြင့် အဘိုး၊ အဘွား (၁၃၀၅) ဦးထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်