မြောက်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။            

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်လှလှထွေးက ဟောပြောပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်း(သိန်းဝင်းဇော်)က ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ သမိုင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ နယ်ချဲ့အင်္ဂလိပ်တို့ကမြန်မာပြည်ကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွဲ၍သိမ်းပိုက်ပုံ၊ လက်နက်လူအင်အားမမျှခြင်း၊ တိုင်းရင်းစည်းလုံးညီညွတ်မှုမရှိသောကြောင့် နှစ်ပေါင်းများစွာ သူ့ကျွန်ဘဝရောက်ခဲ့ကြရပုံစသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။

လှလှထွေး (ပြန်/ဆက်)