ညောင်ရွှေမြို့၌ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍိပါတ် ဆွမ်းလောင်းအသင်း (၁၄)နှစ်ပြည့်အထိမ်းအမှတ် သံဃာအပါး(၆၀၀) ဆွမ်းလောင်းလှူ

ညောင်ရွှေ ဇူလိုင် ၁၄

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ သံဃာ့ဩဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍိပါတ် ဆွမ်းလောင်းအသင်း၏ (၁၄)နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့နံနက်(၆)နာရီက ညောင်ရွှေမြို့၊ မြဝတီလမ်း၊ ရုံးကြီးလမ်း၊ ခရေ(၁)လမ်းနှင့် ဖောင်တော်ပြန်လမ်းတလျောက်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွမ်းလောင်းလှူခြင်းတွင် ကန်ကြီးပရိယတ္တိစာသင်တိုက်၊ သာသနာ့ဝိပုလ ရွှေဂူစာသင်တိုက်၊ လှိုင်ကြူပရိယတ္တိစာသင်တိုက်၊ နိဂြောဓာရုံကျောင်း၊ တောင်ထပ်အိမ်ဂူကျောင်း၊ မြောက်ထပ်အိမ်ဂူကျောင်း၊ သာသနာ့ရောင်ခြည်ကျောင်းတို့မှ သံဃာတော်အရှင်သူမြတ် အပါး(၆၀၀)အား သံဃာ့ဩဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍိပါတ် ဆွမ်းလောင်းအသင်းနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်ဒါယကာ ဒါယိကာမအပေါင်းတို့က ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်အစရှိသော လှူဖွယ်များကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ