ကလေး ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထု အခြေပြုဗဟိုဌာန (Community Center) တွင် ကလေးခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဆွေးနွေးပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စားသုံးသူ၊ ထုတ်လုပ်ရောင်းချသူများနှင့်ပတ်သက်၍ တားမြစ်ချက်ချက်များ၊ သတ်မှတ်ချက်များနှင့် ချမှတ်ထားသည့် ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများ ဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)