မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းလုံ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်း (၅)နာရီ အချိန်၌ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းစံလောင်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းရှေ့အုတ်တံတိုင်းနှင့် တာဝန်ကျဆရာ/ဆရာမများ ဂိတ်စောင့်ရန် အဆောင်ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအသေးစိတ်ကို ကျောင်းကော်မတီ အဖွဲ့ဝင် ဦးမောင်ကျော်က ၀င်ငွေ/ထွက်ငွေစာရင်းများကို ရှင်းလင်းတင်ပြပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းတွင်း ကိုဗစ်‌-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သောကိစ္စများ၊ ကျောင်းသား/ ကျောင်းသူများ စက်ဘီး၊ ဆိုင်ကယ်စီးသောကိစ္စများ၊ ကျောင်းဖွံ့ဖြိုးတိုတက်ရေးနှင့် မိဘဆရာအသင်းတို့ အသစ်ပြန်လည်ဖွဲ့စည်းမည့် ကိစ္စကို ဆွေးနွေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦး‌သောင်းထွဋ်လင်း၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများကလည်း လိုအပ်သည့်လုပ်ငန်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အ‌‌ကြောင်းကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇော်ဇော်(ပြန်/ဆက်)