မဟာအောင်မြေ ဇူလိုင် ၁၄
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသခြင်းကို ယမန်းနေ့မွန်းလွဲ ၂ နာရီအချိန်က မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသခြင်းကို မဟာအောင်မြေမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင် (Grade 9,10) ကျောင်းသား/ကျောင်းသူများအား "မမေ့အပ်သည့်အာဇာနည်နေ့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်စေပြီး(Grade 6,7,8) ကျောင်းသား/ကျောင်းသူများအား "ဆယ်ကိုးဇူလိုင်မမေ့နိုင်" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ ကျောင်းသား/ကျောင်းသူများကလည်း စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရကျောင်းသား/ ကျောင်းသူများအားကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အောင်က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြသထားသော ဓာတ်ပုံနှင့်နံရံကပ် စာစောင်များကိုလည်း ကျောင်းသား/ကျောင်းသူများက လေ့လာမှတ်သားကြည့်ရှုခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း