နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်(၇)နာရီအချိန်က သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။

ဂွမြို့  Community. Centre ခန်းမတွင် သက်ငယ် နားမကြားကျောင်းနှင့် ပတ်သက်၍  အသိပညာပေး  (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနှင့်  လူမှုဝန်ထမ်း ဦးစီးဌာနတို့  ပူးပေါင်း၍  မသန်စွမ်းသူများ(သက်ငယ် နားမကြားကျောင်း)နှင့် ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  Community Centre ခန်းမ လူထုအခြေပြု  ဗဟိုဌာန၌  ယမန်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

မိုင်းဖြတ်၌ ကျွဲ၊ နွားတိရစ္ဆာန်များ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျွဲ၊ နွားတိရစ္ဆာန်များ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် မိုးစပါးတစ်ဧကတင်း (၁၀၀) အထက်ထွက်ရှိရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ကျေးရွာအုပ်စု ၅ အုပ်စုမှ အကျိုးဆောင်တောင်သူများအား ဖိတ်ကြားပြီး မိုးစပါးတင်း ၁၀၀ အထက်ထွက်ရှိရေး စိုက်ပျိုးရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အစိုးရ စက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

­­မိုင်းဖြတ်မြို့နယ်၊ အ.လ.က(ပါဆန်း)၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် နံရံကပ် စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အ.လ.က(ပါဆန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်ခြင်းနှင့် သဏ္ဌာန်တူ လေ့ကျင့်ပညာပေး ဟောပြောခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းများကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ အသိပညာပေး ဟောပြောခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သဏ္ဍာန်တူ​လေ့ကျင့်ပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့က ဓနုဖြူမြို့၊ ကျုံတနီးကျေးရွာအုပ်စု၊ နေကျော်၊ ရေကျော်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် အသက်၁၀နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ဆောင်ရွက်ပေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀နှစ်) အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက-၁) ကျောင်း၌ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to