ဓနုဖြူ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ အသိပညာပေး ဟောပြောခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သဏ္ဍာန်တူလေ့ကျင့်ပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့က ဓနုဖြူမြို့၊ ကျုံတနီးကျေးရွာအုပ်စု၊ နေကျော်၊ ရေကျော်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အိချိုဇင်က တိရစ္ဆာန်ကျန်းမာရေးလုပ်သား CAHW များဖြင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖွဲ့စည်း၍ ကျေးရွာရှိ မွေးမြူသူများအား ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ (LSD) ၊ခွာနာလျှာနာရောဂါ (FMD) နှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF) များအကြောင်း ပညာပေးဟောပြောခြင်းများပြုလုပ်၍ လက်ကမ်းစာစောင် များလည်းဖြန့်ဝေခဲ့သည်။ထို့နောက် ရောဂါဖြစ်ပွားပါက စနစ်တကျဓာတ်ခွဲစစ်ဆေးနိုင်ရန်နှင့် Sample မှန်မှန်ကန်ကန်ကောက်ယူနိုင်ရန်အတွက် သဏ္ဌာန်တူလေ့ကျင့်ပညာပေးခြင်းလုပ်ငန်းကို နေကျော် ကျေးရွာရှိတောင်သူ ဦးသိန်းအောင်၏ ဒေသနွားမွေးမြူရေးခြံတွင် လေ့ကျင့်ပညာပေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)