ပင်လောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ပင်လောင်း   ဇူလိုင်   ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က အာဇာနည် ခေါင်းဆောင်ကိုးဦး၏ အတ္ထုပ္ပတ္တိသမိုင်းကြောင်းများကို လည်းကောင်း  ရှင်းလင်း ပြောကြားကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့ ်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များကို တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး(ပင်လောင်း)