ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦးပြုစုခြင်းအသိပညာပေး Talk Show ကျင်းပ

ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦးပြုစုခြင်းအသိပညာပေး Talk Show ကျင်းပ ရမည်းသင်း ဇူလိုင် ၁၅ ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)

မိုင်းခတ်မြို့နယ် လူထုအ​​​ခြေပြု ဗဟိုဌာန၌ပုံပြင်​ပြောပြိုင်ပွဲ ကျင်းပ

မိုင်းခတ်မြို့နယ် လူထုအ​​​ခြေပြု ဗဟိုဌာန၌ပုံပြင်​ပြောပြိုင်ပွဲ ကျင်းပ မိုင်းခတ်၊ ဇူလိုင် ၁၅ မြို့နယ် ပြန်/ဆက်

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေ ဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက KS Hotel ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ဗန်းမော်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဗန်းမော်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမှတ်(၄) အခြေခံပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် လှည်းကူးမြို့နယ် စစ်ပင်မြောက်ကျေးရွာတွင် ချောင်းအနီး မြေနိမ့်ပိုင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စစ်ပင်မြောက်ကျေးရွာတွင် ယမန်နေ့ညပိုင်းက ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် ချောင်းအနီး မြေနိမ့်ပိုင်းရှိနေအိမ် (၇)လုံးခန့် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကဝမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ရေစီး ရေလာကောင်းမွန်စေရန် မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်းခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ကဝ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ် ဂဝံလမ်း‌ခင်းခြင်း ဆောင်ရွက်မည့် နေရာအားကျေးလက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ်ဂဝံလမ်း‌ခင်းခြင်း ဆောင်ရွက်မည့်နေရာအား သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန၊ ခရိုငဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန၊ မြို့နယဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ခံ အင်ဂျင်နီယာများ ကုမ္ပဏီမှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှု တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to