သမိုင်းဝင်ကျိုက္ကလော့စေတီတော် ရင်ပြင်ပေါ်ရှိ တိံင်္ကြားနှစ်ထပ်ဓမ္မာရုံ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် သမိုင်းဝင်ကျိုက္ကလော့စေတီတော် ရင်ပြင်ပေါ်ရှိ တိံင်္ကြားနှစ်ထပ် ဓမ္မာရုံရေစက်ချမင်္ဂလာအခမ်းကို ယနေ့ နံနက်(၈) နာရီအချိန်က ထောက်ကြန့်နွယ်ခွေကျောင်းတိုက် ဦးစီးပဓါန၊ မြို့နယ်သံဃနာယက၊ သမိုးဝင်ကျိုက္ကလော့စေတီ တော်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ကြီးနှင့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်ဆရာတော်ကြီးများ ကြွရောက်၍ တိံင်္ကြားနှစ်ထပ်ဓမ္မာရုံ အလှူရှင်များက ရေစက်ချလှူဒါန်းသည့် မင်္ဂလာခမ်းအနား ကျင်းပကြောင်းသိရသည်။