နမ့်ဆန်မြို့နယ်တွင် အသက်၁၀နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ဆောင်ရွက်ပေး

နမ့်ဆန် ဇူလိုင် ၁၆

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းနှင့်    ဝန်ထမ်းများက   ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀နှစ်)  အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက-) ကျောင်း၌  ယမန်နေ့နံနက်ပိုင်းမှ စတင်၍  ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် ၁၀နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ကြိမ်မှ ကိုင်ဆောင်ခြင်းမရှိသော ကျောင်းသားကျောင်းသူ    (၄၀)ဦးကို ဝန်ကြီးဌာန၏  ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်၁၀နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ဒေသဦးစီးမှူး ဦးဌေးအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီဦးနှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို  ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်