ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း

ချမ်းမြသာစည် ဇူလိုင်  ၁၇

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာရွတ်၊ ဆောင်းပါးရေးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်‌မို့မို့နိုင်၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်‌မို့မို့နိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအ‌ကြောင်း အာဇာနည်ဆိုသည်မှာနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက်ကြိုးပမ်းဆောင်ရွက်မှုများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံး၊ကဗျာရွတ်၊ ဆောင်းပါး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

ခင်စိမ်း၀င်း