ရွှေကူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရွှေကူ ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre )ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခန့်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့်  အာဇာနည်နေ့အကြောင်းကိုသိရှိပြီး အာဇာနည်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓါတ်မြှင့်မားလာစေရန်၊ အာဇာနည်စိတ်ဓာတ်အပြည့်အဝဖြင့် နိုင်ငံကိုချစ်ခင်မြတ်နိုး ကာကွယ်စောင့်ရှောက်နိုင်စေရန်၊ အ တွေးအခေါ်ရင့်သန်စေရန်၊ ဉာဏ်ပညာတိုးတက်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်ကို ပိုမိုအသုံးချ တတ်လာပြီး အသိပညာဗဟုသုတများ မြှင့်မားလာစေရန် ရည်ရွယ်၍  ယနေ့စာစီစာကုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်း ကျောင်းမှ‌အထက်တန်း အဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၁ )ဦးက “ စံပြုအပ်သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်စိတ်ဓာတ် ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၀)ဦးက “အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့”  ခေါင်းစဉ်ဖြင့်လည်းကောင်း  ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်ပပသိန်း