ရွာငံမြို့နယ်၌ ၂၀၂၂ ခုနှစ် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်

ရွာငံ  ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၂၀၂၂ ခုနှစ်၊ အောင်ချက် အကောင်းဆုံးကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  အထက ရွာငံပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အထက ရွာငံကျောင်းသား၊ ကျောင်သူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။  ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး က အဖွင့်အမှာစကားကြောကြားပြီး ၂၀၂၂ ခုနှစ် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရ ရှိခဲ့သော  အထကမြိုင်၊  အထက ရွာငံ၊ အထက အင်းကြီး (မြောက်) ကျောင်းများနှင့် လေးဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၃ ဦးအား ဆုချီးမြင့်ခဲ့သည်။

ဆက်လက်၍ (၃)ဘာသာ၊ (၂) ဘာသာ၊ (၁)ဘာသာ ဂုက်ထူးရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူ အသီးသီးမှ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြပြီး အထကရေဦး ကျောင်းသား၊ ကျောင်းသူများက ဓနုရိုးရာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ထို့‌နောက် လေးဘာသာဂုဏ်ထူးရ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အထက ရွာငံ ကျောင်းသား၊ ကျောင်းသူများ ပြည်မြန်မာသီချင်းဖြင့်သီဆိုခဲ့ကြသည်။ ရွာငံမြို့နယ်တွင် အခြေခံပညာစာစစ်ဌာန ငါးခုမှ ဖြေဆိုသူပေါင်း ၆၇၈  အနက် အောင်မြင်သူ  ၂၉၆  ရှိရာ အောင်ချက်ရာခိုင်နှုန်း  ၄၃. ၆၆ အောင်မြင်ကြသည်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူများမှာ လေးဘာသာဂုဏ်ထူးရှင် ( ၃) ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၃) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၉၇)ဦး ရရှိကြသည်။ဂုဏ်ထူးရဘာသာများမှာ မြန်မာစာ (၄) ဦး၊ သင်္ချာ (၃)ဦး၊ ဓါတု (၁၂)ဦး ၊ ရူပ (၅)ဦး ၊ ဇီဝ(၄၅)ဦး၊ ပထဝီ (၄၁)ဦး၊ သမိုင်း (၂၅)ဦး၊ ဘောဂ (၆၂)ဦး  အသီးသီးဂုဏ်ထူးများ ရရှိအောင်မြင်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက် (ရွာငံ)