မြိုင် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) e-ID စနစ် Software Program အတွင်း ရိုက်ကူးနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ထွေအုပ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံရေးသွင်းရာ၌ ကန့်သတ်ကာလနှင့်ရေးသွင်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) e-ID စနစ် Software Program အတွင်းရိုက်သွင်းနည်းများကို စာတွေ့လက်တွေ့နည်းစနစ်များဖြင့် ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) e-ID စနစ်ရိုက်သွင်းခြင်းလုပ်ငန်းအတွက် မြိုင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၅၈၂၉၄)စုတို့အား e-ID စနစ် Software Program အတွင်းရိုက်သွင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ အပြီးရေးသွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခါနု