ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်တံခါး   ဇူလိုင်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက် နေ့တွင်ကျရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အဖြစ်  နံရံကပ်စာစောင်ပြ သခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် အာဇာနည်(၉) ဦး၏ အတ္ထုပ္ပတိကျဉ်း၊ အာဇာနည်နေ့ဖြစ် ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမှာစကား များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးသားသည့် အာဇာနည်ဗိမာန် (ကဗျာ)၊ အာဇာနည်နေ့တို့ မမေ့(ကဗျာ) တို့ကို ပြသထားရှိခဲ့သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသားကျောင်းသူများ လာရောက် လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)