လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး) ဖွင့်ပွဲ အခမ်းအနားအောင်မြင်စွာ ပြီး‌စီးဆောင်ရွက်နိုင်ရေး လုပ်ငန်းကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး ဆောင်ရွက်သွားနိုင်ရေးအတွက် ရှမ်းပြည်နယ်ဦးစီးမှူးဦးစိုးညွန့်ရွှေသည် တာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံ၍ အကြိုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးက တက်ရောက်လာကြသည့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့်ဒုတိယဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများအားလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်ရေးတွင် မိမိတို့တာဝန်ကျရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားဦးစွာ ပြောကြားခဲ့ပါ သည်။

ဆက်လက်ပြီး မကြာမီဖွင့်လှစ်တော့မည့် ရှမ်းပြည်နယ် လူထုအခြေပြုဗဟိုဌာန Community Centre အတွက် စာပေဗိမာန်၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ၊ သင်တန်းခန်းမ၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အစည်းအဝေးခန်းမနှင့် ကွန်ပျူတာခန်းမတို့တွင် အထပ်အလွှာ အလိုက်တာဝန်များ ခွဲဝေချထားပေးခြင်း၊ ဖွင့်ပွဲအခမ်းအနားမတိုင်မီ၊ ဖွင့်ပွဲကျင်းပသွားစဉ် သတင်းများကို အချိန်နှင့်တစ်‌ပြေးညီ ဆောင်ရွက်သွား‌နိုင်ရေးတို့ကို လမ်းညွှန်မှာကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး တာဝန်ကျအဖွဲ့ခေါင်းဆောင်များနှင့် ဝန်ထမ်းများက မိမိတို့တာဝန်ယူ ဆောင်ရွက်သွားရမည့် လုပ်ငန်းကဏ္ဍအလိုက်နှင့် စပ်လျဉ်းသည်များအား တင်ပြခြင်း၊ ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်လမ်းညွှန်မှာကြားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး နံနက်၉နာရီခွဲတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

အစည်းအဝေးသို့ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ရုံးရှိဝန်ထမ်းများ၊ ခရိုင်ရုံးများနှင့်မြို့နယ်ရုံး၊ မြို့ရုံးအသီးသီးမှ ဖွင့်ပွဲလုပ်ငန်းတာဝန်ကျဝန်ထမ်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တောင်ကြီး(ခရိုင်ပြန်/ဆက်)