မတ္တရာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သော (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချု်ပရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မတ္တရာ စာပေချစ်သူများအသင်းနှင့် နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းတို့မှ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲတွင် ပထမဆုရှိသော မောင်စွမ်းလင်းဌေးမှ ကဗျာရွတ်ဆိုပြသခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများကို ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)