ကျိုက်ဒုံ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဒေါ်ဝါဝါလင်း (ရုပ်/သံ ကျွမ်းကျင်-၃) တို့မှ ကလေးအလုပ်သမား၏ အဓိပ္ပါယ် ဖွင့်ဆိုချက် ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ် သမားပပျောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်မှု ဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့် ရှောက်စေရေး စသည့်ကလေးသူငယ်အခွင့်အရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် ဆွေးနွေးခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲအား ပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင် လွင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)