ကဝ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ အကြီးတန်းစာရေး ဦးကျော်သူမိုးက ရေဘေး၊ ငလျင်ဘေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးပြောကြားပြီး၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီးထံသို့ သဘာဝဘေးဗွီနိုင်းနှင့် ပိုစတာများ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများအား ဗလစာအုပ်စာအုပ်နှင့် ဘောပင်များ လက်ဆောင်ပေးကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)