ငါးသိုင်းချောင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က၊ ဆိတ်ချေးကုန်းကျောင်း ၌ ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံစာရေးဆရာအသင်း (ရေကြည်မြို့နယ်)နှင့် မြို့နယ်ပညာရေးဌာနတို့ ပူပေါင်း အစီအစဉ်ဖြင့် မြို့နယ်စာရေးဆရာ အသင်းဝင်များက (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ ကွင်းဆင်းဟောပြောကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲ၌ ရှေးဦးစွာ အ-မ-က၊ ဆိတ်ချေးကုန်း ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းဦးက အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ လွမ်းမျိုးဦး(စကားဝါမြေ)က အာဇာနည်နေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ကဗျာ၊ စာပေ၊ သီချင်းများအကြောင်း၊ စာရေးဆရာ သိန်းဇော်(ရွှေလီဦး)က အာဇာနည်နေ့နှင့် ပတ်သက်သည့် အချက်အလက်များနှင့် အထွေထွေဗဟုသုတ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရန် ဟောပြောဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အ-မ-က၊ ဆိတ်ချေးကုန်းကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးအောင်ဝင်းက ကျေးဇူးတင်စကား ပြောကြား၍ ဟောပြောပွဲ အခမ်းအနားပြီးမြောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အင်အား(၉၅)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)