ကလေးဝ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇူလိုင် ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဓာတ်ပုံများ၊ ကျောင်းသားဘဝဓာတ်ပုံများ၊ ဗြိတိန်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ သတင်းစာများကပြောသော အာဇာနည်နေ့အကြောင်း မှတ်တမ်းဓာတ်ပုံများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြသထားကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)