မူဆယ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က (၃) ကျောင်းရွှေရတုခန်းမ၌ ကျောင်းသူ/သားများ အသိပညာ၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြင့်ထွေးက အာကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ အားကစားကိုအချိန်ပေးပြီး ပြုလုပ်သင့်ကြောင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ကျန်းကျန်းမာမာ နေရကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ကျောင်းသူ/သားများကို စိတ်ဓာတ်၊ စည်းကမ်းနှင့် ပညာပိုင်းဆိုင်ရာများအကြောင်း၊ စာများများ ဖတ်ရန်၊ကျောင်းမှန်မှန်တက်ရန်၊ ဗဟုသုတတိုးပွားကြွယ်ဝစေရန် ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်းများထားရမည့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကို ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မို့မို့ဝင်းက ကျောင်းသူ/သားများအနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာဖို့ရန် ဟောပြောပွဲကို ကျောင်းသူ/သားစုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းကောင်စီသီချင်းဆိုကာ ဟောပြောပွဲရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)