အုတ်တံတိုင်း ခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများကိုယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်လူမှုရေး၀န်ကြီးက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားက စားဝါသနာရှင် များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် (GDP) အပေါ် ပထမ(၃)လပတ် အကောင်အထည်ဖော်နိုင်မှုအခြေအနေအား ရှင်း လင်းဆွေးနွေးပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် (GDP)အပေါ် ပထမ(၃)လပတ် (ဧပြီလမှဇွန်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ကျိုင်းတုံမြို့၏  အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ် အချို့ ပျက်စီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် ယမန်နေ့ ည ၁၁ နာရီ ၃၇ မိနစ်အချိန့်က ရစ်ချ်တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

တာမွေမြို့နယ်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်စေရန်အတွက်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

ရေတာရှည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးများကွင်းပိတ် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၄၈ ထွန်စက်စခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးများကွင်းပိတ်စိုက်ပျိုးခြင်း အခမ်းအနားကို ဝါးတောကြီးကျေးရွာအုပ်စု၊ ဖိုးကြာညိုကျေးရွာအနီးရှိ တောင်သူဦးထိန်ဝင်း၏ လယ်ယာ​မြေ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလွှမ်းခြုံနိုင်ရေး Booster(CoviShield)အား  ဆက်လက်ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၀၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ကာန)တွင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မကွေးခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၆) မြို့နယ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to